Aptoide ကွတ်ကီး မူဝါဒ

ကွတ်ကီးဆိုတာ ဘာလဲ။ Aptoide က ယင်းကို ဘယ်လိုအသုံးပြုသလဲ

ကွတ်ကီးဆိုသည်မှာ ၀င်ရောက်ခဲ့သော ၀ဘ်ဆိုက်မှ အသုံးပြုသူ၏ ဘရောက်ဆာသို့ ပေးပို့သော စာသားဖိုင် အသေးစားတစ်ခု ဖြစ်ပါသည်။ အသုံးပြုမှု အတွေ့အကြုံကို တိုးမြှင့်ပေးနိုင်ရန်အတွက် Aptoide သည် ကွတ်ကီးတစ်ခုကို အသုံးပြုသူများ၏ ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းလ်ပစ္စည်းတွင် သိမ်းဆည်းပါသည်။ ယင်းသို့ဖြင့် နောင်တစ်ကြိမ် လာရောက်ချိန်တွင် အသုံးပြုသူ၏ ရွေးချယ်မှုများအကြောင်း အချက်အလက်များကို မှတ်မိစေရန် ကူညီပေးသောကြောင့် ၀ဘ်ဆိုက်၏ အကျိုးရှိမှုကို ပိုများစေပါသည်။ ကွတ်ကီးများအား သိမ်းဆည်းထားခြင်းဖြင့် အသုံးပြုသူသည် အချက်အလက်များကို ထပ်ခါထပ်ခါ ပြန်လည်ထည့်သွင်းရန် မလိုအပ်တော့ပါ.

ဥပမာအားဖြင့် Aptoide သည် အသုံးပြုသူ၏ ဘာသာစကားကို မှတ်မိရန် သို့မဟုတ် စာမျက်နှာသို့ ၀င်ရောက်သူ အရေအတွက်ကို ရေတွက်ရန်အတွက် ကွတ်ကီးများကို အသုံးပြုပါသည်.

သင့်ဘရောက်ဆာ ဆက်တင်မှတဆင့် ကွတ်ကီးများကို ပိတ်ထားနိုင်ပါသည်. ယင်းသို့ပြုလုပ်ခြင်းသည် ၀ဘ်ဆိုက်တွင် စိတ်မကျေနပ်ဖွယ်ရာ ခံစားမှုကို ရရှိစေနိုင်ပါသည်.

Aptoide မှ အသုံးပြုသော ကွတ်ကီးအမျိုးအစားများ

ကြော်ငြာခြင်း - ရှာဖွေမှုကိစ္စတစ်ခုတွင် သီးခြားကြော်ငြာစုစည်းမှုကို မြှင့်တင်ရန်အတွက် Google Services မှ PREF သို့မဟုတ် NID ကြော်ငြာကွတ်ကီးများကို ကျွန်ုပ်တို့ အသုံးပြုပါသည်. ဤနည်းဖြင့် အသုံးပြုသူအတွက် ပိုမိုဆွဲဆောင်မှုရှိသော ကြော်ငြာများကို ပြပေးပါသည်.

ခွဲခြမ်းစိတ်ဖြာမှုများ - ခွဲခြမ်းစိတ်ဖြာမှု ကွတ်ကီးများကို စာရင်းအင်းကိစ္စများအတွက် ၀ဘ်ဆိုက်သို့ လာရောက်သူများ၏ အချက်အလက်များကို စုဆောင်းရန် အသုံးပြုပြီး ယင်းသည် ကျွန်ုပ်တို့လုပ်ငန်း၏ တန်ဖိုးကို မြှင့်တင်ပေးပါသည် (ဥပမာအားဖြင့် - ဘယ်နိုင်ငံက အများဆုံး လာသလဲ။ ပျမ်းမျှအသက်က ဘယ်လောက်လဲ။).

ရွေးချယ်မှုများ - ဤကွတ်ကီးအမျိုးအစားအတွက် ဘာသာစကား သို့မဟုတ် အသုံးပြုသူ မြင်ခဲ့ပြီးဖြစ်သော မတူညီသည့် သတင်းများ ကဲ့သို့သော အသုံးပြုသူ ရွေးချယ်မှုများကို သိမ်းဆည်းပါသည်။ ဥပမာအားဖြင့် အသုံးပြုသူသည် ဘာသာစကားကို သတ်မှတ်လိုက်သည်နှင့် ယင်းကွန်ပျူတာ သို့မဟုတ် စက်ပစ္စည်းမှ နောက်ထပ်ဝင်ရောက်မှုတိုင်းအတွက် တထပ်တည်း ဖြစ်စေပါသည်.

အချိန်ပိုင်း - ဤကွတ်ကီးအမျိုးအစားများကို အသုံးပြုသူမှ ဘရောက်ဆာအား မပိတ်မီအထိသာ ရရှိနိုင်ပြီး ခွင့်ပြုချက်နှင့် ဖြတ်သန်းမှု အချက်အလက်များကို ခွင့်ပြုပေးပါသည်.

တတိယ အဖွဲ့အစည်း - ဤကွတ်ကီးများအား Google, Youtube, Facebook သို့မဟုတ် Twitter တို့ကဲ့သို့သော တတိယအဖွဲ့အစည်း ၀န်ဆောင်မှုများမှ ဖန်တီးပြီး ကြော်ငြာကဲ့သို့သော ၀န်ဆောင်မှုများကို အကျိုးရှိစေရန် စောင့်ကြည့်ခြင်း ပြုလုပ်နိုင်ပါသည်.

ကွတ်ကီးတွေကို ဘယ်လိုစီမံမလဲ

ဘရောက်ဆာတိုင်းသည် အသုံးပြုသူများအား ဘရောက်ဆာ သတ်မှတ်ချက်များမှတဆင့် သတ်မှတ်ထားသေသာ ကွတ်ကီးများအား လက်ခံရန်၊ ငြင်းဆန်ရန် သို့မဟုတ် ဖျက်ရန် ခွင့်ပြုပါသည်.

နောက်သို့